လုပ်သည်

  • မိမိကိုယ် နှင့် နှိုင်းယှဥ်၍ သူတပါးအပေါ် ဆက်ဆံပါ
  • မတူကွဲပြားသော ယဥ်ကျေးမှု အပေါ် လေးစားသမှုဖြင့် ဆက်ဆံပါ
  • တစ်ပါးသူအပေါ် နားလည်မှုပေး၍ဆက်ဆံပါ။
  • "တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီမှုနှင့် လက်ခံနားလည်ပေးခြင်းဖြင့် အတူတကွယှဥ်တွဲနေထိုင်ကြပါမည် "
  • "ကျွန်တော်တို့သည် လက်ရှိ ဂျာမဏီတွင် ဖြစ်ပါသောကြောင့် အများသုံးသော ဂျာမာန် စကားကိုသာ အသုံးပြုပါသည်
    "

မလုပ်ပါ

  • "ကျွန်တော်တို့သည် မတူကွဲပြားသော နိုင်ငံသားများဖြစ်ပါသဖြင့် ၊ ဘာသာစကား၊ လူမျိုး၊ လိင်အမျိုးအစား၊ အသားအရောင်၊ မိသားစုအခြေအနေ၊ အသက်အရွယ်၊ ကိုယ်အင်္ဂါမသန်စွမ်းမှု၊ ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်း နှင့် အခြားအကြောင်းအရင်းများအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းများကို လုံးဝ မလက်ခံပါ။
    ပြုမူဆက်ဆံခဲ့ပါက မိမိ ယုံကြည်သူ တစ်စုံတစ်ဦးအား ဆွေးနွေး တိုင်ပင်ပါ။
    "
  • "ကျွန်တော်တို့သည် ရိုင်းဆိုင်းသော ဆဲဆိုခြင်းများကို လုံးဝ မလက်ခံပါ။
    "
  • "ခြိမ်းခြောက် နှောင့်ယှက်မှုများကို မည်သည့်ပုံစံဖြင့်မဆို လုံးဝ မလက်ခံပါ။
    (စိတ်ပိုင်းဆိုင်ရာ၊ စကားဖြင့်ဖြစ်စေ ကိုယ်ထိလက်ရောက်အပြုဖြစ်စေ) လုံးဝ လုံးဝ လက်ခံမည်မဟုတ်ပါ။
    "
  • "ယူသွားခွင့် မရှိပါ (ဥပမာ-မိမိလုပ်ကိုင်နေသော စူပါမတ် နှင့် Eat Happy ပိုင်အရာများ)
    "
guideline-icon-1
ကြိုဆိုခြင်း နှုတ်ဆက်ခြင်း

" တစ်ဦးနှင့်တစ်ဦး မနီးလွန်း မဝေးလွန်းသော အကွာအ‌ဝေးမှ နှုတ်ခွန်းဆက်ပါ၊ တဖက်လူအား လိုအပ်သလောက် သာ မျက်လုံးချင်းဆိုင်ကြည့်ပြီး စကားပြောပါ။

ယဉ်ကျေးဖော်ရွေသော စကားလုံးသုံးနှုန်းခြင်းဖြင့် လေးစားမှုပြပါ။"

guideline-icon-4
အသံနေအသံထား

"စကားပြောရာတွင် ရိုင်းပြသော စကား အသုံးအနှုန်းများ နှင့် ၎င်းနှင့် ဆင်တူရိုးမှား အသုံး အနှုန်းများ ရှောင်ကျဥ်ပါ၊

ယဥ်ကျေးမှုမတူညီကြခြင်းကြောင့် နားလည်လဲခြင်း ကိုဖြစ်ပေါ်စေနိုင် သဖြင့် အသံနေအသံထား ကို လဲ ထိန်းသိမ်းပြောဆို စေချင်ပါသည်။"

guideline-icon-5
အပြန်အလှန်ဆက်ဆံရေး

"တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ဖော်ရွေစွာဆက်ဆံခြင်းဖြင့် တန်ဖိုးရှိသော အပြန်အလှန်ဆက်ဆံ‌ရေးကိုတည်ဆောက်ပါ

အသင်းအဖွဲ့အတွင်းမှာ အပြန်အလှန် အထောက်အကူပြုခြင်း၊ ကူညီပံ့ပိုးမှုရှိခြင်း၊ တာဝန်ယူနိုင်ခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ကိုမြှင့်တင်စေချင်ပါသည်။

တဦးနှင့်တဦး သည်းခံမှု၊ ကိုယ်ချင်းစာတရား ဖြင့် ဆက်ဆံပါ။
လူတိုင်းကို သာတူညီမျှဆက်ဆံနိုင်ပါစေ။"

guideline-icon-3
အခန်းကဏ္ဍပုံစံ

"ဝန်ထမ်း အားလုံးသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင် သဖြင့် မည်သည့် လိင်အမျိုးအစားဖြစ်စေ တစ်ဦးနှင့် တစ်ဦး လေးစားစွာပြောဆို ဆက်ဆံပါ။ မလိုအပ်ပဲ ခန္ဓာ ကိုယ် အား ထိတွေ့ကိုင်ကွယ် စကားပြောခြင်းကို ရှောင်ကျဥ်ပါ
"

guideline-icon-8
လေးစားလိုက်နုာခြင်း

"အခြား ဘာသာဝင်များနှင့် ၎င်းတို့၏ စည်းကမ်းဓလေ့ထုံးတမ်းများ၊
နေထိုင်မှုပုံစံများကို လေးစား လက်ခံပေး ပါ။"

guideline-icon-2
ပြောဆိုဆက်ဆံခြင်း ဆွေးနွေးတိုင်ပင်ခြင်း

အငြင်းပွားဖွယ် ဖြစ်လာနိုင်မည့် သို့မဟုတ် တဖက်လူအား စိတ်မချမ်းမွေ့ဖွယ် ဖြစ်စေမည့် အကြောင်းအရာများ (ဥပမာ- ဘာသာရေး၊ နိုင်ငံရေး၊ အသားအရောင်၊ စသည်) ကိုရှောင်ကျဥ်ခြင်းဖြင့် ပြောဆိုဆက်ဆံပါ

guideline-icon-7
ချီးမွန်းပြောဆိုခြင်း

"မိမိပြောသော ချီးမွမ်းစကားများကို လက်ခံနိုင်သူများအပေါ်တွင်သာ ချီးမွမ်းစကားများ ပြောပါ။

ယဥ်ကျေးမှု မတူညီမှုကြောင့် ချီးမွမ်းစကားကို လက်မခံနိုင်သူများ နားလည်မှုလွဲမှားနိုင်ပါသည်
"

guideline-icon-6
နားလည်မှုလွဲခြင်းကို ရှောင်ကျဥ်ခြင်း

"အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လုံးဝ လက်မခံပါ!
မိမိ၏ ပြောဆိုဆက်ဆံမှုနှင့် တပါးသူ၏ မတူကွဲပြားသော ယဉ်ကျေးမှုဓ လေ့ထုံးစံ ကို လေးစားလိုက်နာပါ။
ဆိုင်အတွင်းတွင် လူတိုင်းနားလည်နိုင်သော ဘာသာစကားကိုသာ ပြောကြပါသည်။.
တစ်ဦးအပေါ်တစ်ဦး ရိုးသားပွင့်လင်းစွာဖြင့် ဆက်ဆံပါ။
"

guideline-icon-9
အကြံပြုချက်များ

ကောင်းမွန်သော အကျိုးရှိစေမည့် မည်သည့် အကြုပြုချက် များကို ကျွန်ပ် တို့ လက်ခံပါသည်။

ယဉ်ကျေးမှု ဓလေ့ထုံးစံမျာ

culture-icon-1
ထိုင်းနိုင်ငံ

"ခြေထောက်ဖြင့် ပစ္စည်းများနှင့် လူများကို ညွှန်ပြခြင်းသည် ရိုင်းပြသောအပြုအမူဖြစ်သည်။
အကြောင်းမှာ ခြေထောက်ကို မသန့်ရှင်းသော အစိတ်အပိုင်းအဖြစ် ယူဆကြသည်။. နှုတ်ဆက်စဉ် လက်အုပ်ချီထားခြင်းဖြင့် တဖက်သား အပေါ် လေးစားကြောင်း ပြသခြင်းဖြစ်ပါသည်။.
"

culture-icon-2
ဂျာမနီနိုင်ငံ

အချိန်မှီ ချိန်းဆိုထားသည့် နေရာသို့ ရောက်ခြင်းဖြင့် တစ်ဦးအပေါ် တစ်ဦး ယုံကြည်လေးစားသမှုကို ဖြစ်စေသည်။

culture-icon-3
ဗီယက်နမ်နိုင်ငံ

"ခြေထောက်ဖြင့် ပစ္စည်းများနှင့် လူများကို ညွှန်ပြခြင်းသည် ဆဲဆိုခြင်းအဖြစ် ယူဆခံရနိုင်သည်၊
အကြောင်းမှာ ခြေထောက်ကို မသန့်ရှင်းသော အစိတ်အပိုင်းအဖြစ် ယူဆကြသည်။.
တစ်ဦးဦးအား နှုတ်ဆက်စဉ် ခေါင်းကို တိမ်ညွတ်ခြင်းသည် အခြားသူအပေါ် လေးစားကြောင်း ပြသသော အပြုအမူဖြစ်ပါသည်။"

culture-icon-4
ကိုရီးယားနိုင်ငံ

"ခါးညွှတ်၍ နှုတ်ဆက်ခြင်းဖြင့် လေးစားမှုနှင့် ကျေးဇူးတင်ခြင်းတို့၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ခြေထောက်ဖြင့် ပစ္စည်းများနှင့် လူများကို ညွှန်ပြခြင်းသည် ဆဲဆိုခြင်းအဖြစ် ယူဆခံရနိုင်သည်၊
အကြောင်းမှာ ခြေထောက်ကို မသန့်ရှင်းသော အစိတ်အပိုင်းအဖြစ် ယူဆကြသည်။
တစ်ဦးဦးအား နှုတ်ဆက်စဉ် ဦးခေါင်း ညွတ်ခြင်းဖြင့် တစ်ဦးပေါ်တစ်ဦး လေးစားကြောင်း ပြသသော အပြုအမူဖြစ်ပါသည်။"

culture-icon-5
ဂျပန်နိုင်ငံ

"လက်ချောင်းဖြင့် လူများကို ညွှန်ပြခြင်းသည် ဆဲဆိုခြင်းအဖြစ် ယူဆခံရနိုင်သည်။
မိနစ်အနည်းငယ်နောက်ကျခြင်း ဖြင့် လေးစားသမှုမပြုရာရောက် စေသည်။"

culture-icon-6
ဖိလစ်ပိုင်နိုင်ငံ

ဂျာမနီတွင် ‘ဟ်မှ်’ လို့ အသံထွက်ခြင်းသည် ငြင်းဆိုရာရောက်သော်လည်း ဖိလစ်ပိုင်တွင်မူ "ဟုတ်သည်" ဟု ဆိုလိုသည်။

culture-icon-7
မြန်မာနိုင်ငံ

ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံကို ကြည့်ပါ။

culture-icon-8
တရုတ်နိုင်ငံ

အချိန်တိကျခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး လေးစားယုံကြည်မှု အတွက် အမှတ်အသားဖြစ်သည်။

culture-icon-9
အိန္ဒိယနိုင်ငံ

ခေါင်းကို ဘယ်ညာယိမ်း ခြင်းဖြင့် “ဟုတ်သည်"ဟု ဖော်ပြခြင်းဖြစ်သည်။

culture-icon-10
နီပေါနိုင်ငံ

"ခေါင်းကို ဘယ်ညာယိမ်းခြင်းဖြင့် ဟုတ်သည် ဟု ဆိုလိုသော်လည်း တစ်စုံတစ်ဦး ၏ ခေါင်းကို ကိုင်ခြင်းသည် သူတို့အပေါ် စော်ကားရာ ရောက်စေသည်။
ခေါင်းကို နီပေါလူမျိုးတို့၏ မြင့်မြတ်ဆုံးသော အရာ ဖြစ်သလို သူတို့၏ ဉာဏ်ပညာကို ကိုယ်စားပြုသည့် အစိတ်အပိုင်းအဖြစ် ယုံကြည်ကြသည်။
ထို့ကြောင့် တစ်စုံတစ်ယောက်၏ ခေါင်းကို ထိတွေ့ခြင်းသည် နီပေါလူမျိုးတို့၏ ဘာသာတရားကို စော်ကားရာရောက်စေသည်။"

culture-icon-11
အီရန်နိုင်ငံ

လက်မထောင်ပြခြင်းသည် ရိုင်းစိုင်းသော အပြုအမူဖြစ်သည်

culture-icon-12
အာဖဂန်နစ္စတန်နိုင်ငံ

ပွေ့ဖက် ထိတွေ့ နှုတ်ဆက်ခြင်း ကို ရှောင်ကျဥ်ပါ